ဒရူးပယ်လ်အူကြောင်းအား ချဲ့ထွင်ခြင်း(Extending Drupal core)

Events happening in the community are now at Drupal community events on www.drupal.org.
myanmardigitalsolutions's picture

ဒရူးပယ်လ်အူကြောင်းအား ချဲ့ထွင်ခြင်း(Extending Drupal core)

အေပီအိုင်(API)မှတဆင့် အတွင်းကျကျ ၀င်ရောက်သော စနစ်ဖြင့် မော်ကျူးခွဲထားရန် ဒရူးပယ်လ်အူကြောင်းကို ဒီဇိုင်းလုပ်ထားသည်။၎င်းဒီဇိုင်းသည် ဒရူးပယ်လ်အူကြောင်း၏ ပရိုဂရမ်စာကြောင်းများ(Code)ကို မပြောင်းလဲစေပဲ ဒရူးပယ်လ်၏ နဂိုပါ အပြုအမူများ(Default behaviors)ကို ချဲ့ထွင်ရန်(သို့)ပရိုဂရမ်စာကြောင်းထပ်ထည့်ရန်(Override) အရံမော်ကျူးများကို ပြုလုပ်စေသည်။ ဖြည့်စွက်မော်ကျူးများနှင့်ဒီဇိုင်းအသွင်အပြင်များမှ ဒရူးပယ်လ်အူကြောင်း၏ဖိုင်များ သီးခြားတည်ရှိသည့် ဒရူးပယ်လ်၏မော်ကျူးခွဲသည့်ဒီဇိုင်း(Modular Design)သည် ပြုပြင်ပြောင်းလဲရပိုမိုလွယ်ကူပြီး လုံခြုံရေးမှာလည်း ပိုမို ကောင်းမွန်လာသည်။ ထို့ပြင် ထိန်းချုပ်သူများအား ၎င်းတို့၏ websiteကိုစိတ်ကြိုက်ပြောင်းလဲမှုများကို ထပ်မံပြင်ဆင်ရေးသားစရာမလိုဘဲ ဒရူးပယ်လ်အူကြောင်းကို ဗားရှင်းအသစ်သို့ အဆင့်မြှင့်တင်ပေးနိုင်စေသည်။ ထိုသို့ခွဲခြားမှုကို ထိန်းသိမ်းရန် ဒရူးပယ်လ်ထိန်းချုပ်သူများက ဒရူးပယ်လ်အူကြောင်း၏ဆော့ဖ်ဝဲရ်ကိုထိခိုက်ပြောင်းလဲခြင်းကို ရှောင်ကျဉ်ထားသည်။

ဖြည့်စွက်မော်ကျူးများ(Contributed modules)

ဖြည့်စွက်ဒရူးပယ်လ်မော်ကျူးများသည် ရုပ်ပုံပြတိုက်များ(Image Galleries)၊စိတ်ကြိုက်အကြောင်းအရာအမျိုးအစားများ(Custom Content Types)၊အကြောင်းအရာစာရင်းများ(content listings)၊ အကြောင်းအရာပြင်ပရိုဂရမ်များ(WYSIWYG editors)၊တစ်ဦးချင်းသတင်းပေးပို့ခြင်း(private messaging)၊ အရံပေါင်းစည်းကိရိယာများ( third-party integration tools) နှင့် အခြားအရာများပါဝင်သော အချက်အလက်မျိုးစုံကို ပေးစွမ်းထားသည်။ ဒရူးပယ်လ်ဝက်ဘ်ဆိုက်တ်လူမှုကွန်ယက်မှ ရေးသား၊ပါဝင်ဖြည့်စွက်ပေးသော အခမဲ့ရနိုင်သည့်(Free) မော်ကျူးပေါင်း ၄၆၀၀ ကျော် ကို ဒရူးပယ်လ်ဝက်ဘ်ဆိုဒ်၌ (၂၀၀၉ခုနှစ် သြဂုတ်လ ၁ ရက်နေ့အရ) စာရင်းပြုစုထားသည်။

ဥပမာအားဖြင့် တချို့သော အသုံးအများဆုံး၊အဆင့်အမြင့်ဆုံး ဖြည့်စွက်မော်ကျူးများတွင်..

* အကြောင်းအရာတည်ဆောက်မှုပစ္စည်း(၀ါ)စီစီကေ(Content Construction Kit)-၎င်းက ဆိုဒ်ထိန်းချုပ်သူများအား အကြောင်းအရာအမျိုးအစားများကို ကြိုက်သလို ဖန်တီးနိုင်စေသည်။ အကြောင်းအရာအမျိုးအစားတစ်မျိုးသည် ၀က်ဘ်ဆိုဒ်၏ ဒေတာဘေ့ထဲတွင် သိမ်းဆည်းထားရန် သတင်းအချက်အလက်အမျိုးအစားကို ဖော်ပြသည်။ ဖြစ်ရပ်များ၊ဖိတ်ခေါ်မှုများ၊ပြန်လည်သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ထုတ်ကုန်များ အစရှိသည်များ ပါဝင်သည်။(အခြားအမျိုးအစားများကို လည်း မကန့်သတ်ထားပါ)
* အမြင်များ(Views)-၎င်းက ဆိုက်တ်သို့လာရောက်ကြည့်ရှုသူများအား အကြောင်းအရာများရယူပေးပြီး တင်ဆက်ပြသပေးသည်။
* အောက်ခံပြားများ(၀ါ)ပန်နယ်များ(Panels)-၎င်းမှာ စိတ်ကြိုက်အကြောင်းအရာအတွက်ဖောင်ချရာနေရာ(Layout)အတွက် မျက်မြင်ကျကျ ဒီဇိုင်းချရန် ဆိုက်တ်ထိန်းချုပ်သူများအား လုပ်ဆောင်ပေးသော ဖိဆွဲ၊လွှတ်ချ၍ရသည့်အကြောင်းအရာထိန်းချုပ်သည့်ပရိုဂရမ်( drag and drop content manager)ဖြစ်သည်။

စီစီကေသည် ဒရူးပယ်လ်နံပါတ် ၇ အခွဲ ကို ရေးသောအခါက ဒရူးပယ်လ်အူကြောင်းအတွင်း ပေါင်းစည်းထားခဲ့ခြင်းဖြစ်သည်။

ဖြည့်စွက်ဒီဇိုင်းအသွင်အပြင်များ(Contributed themes)

ဖြည့်စွက်ဒီဇိုင်းအသွင်အပြင်များသည် ဒရူးပယ်လ်ဆိုဒ်၏ နဂိုပါ ဒီဇိုင်းအသွင်အပြင်အား လက်ခံ(၀ါ)အစားထိုး၍ရသည်။

ဒရူးပယ်လ်ဒီဇိုင်းအသွင်အပြင်များသည် အသုံးများသည့် အရံ ဒီဇိုင်းအသွင်အပြင်ထုတ်ပရိုဂရမ်မှ ထုတ်သော စံသတ်မှတ်ထားသည့်ပုံစံများကို သုံးသည်။ ဒရူးပယ်လ်အတွက် ဒီဇိုင်းအသွင်အပြင်အများစုကို ပီအိတ်ခ်ျပီအသင့်သုံးပရိုဂရမ်(သို့)အနည်းငယ်ချဲ့ထွင်ထားသည့်အိတ်စ်အသင့်သုံးပရိုဂရမ် စသော ပရိုဂရမ်များဖြင့် ရေးသားထားသည်။ တချို့အသင့်သုံးဒီဇိုင်းများမှာ hard-coded ပီအိတ်ခ်ျပီကို အသုံးပြုသည်။

ဒရူးပယ်လ်၏ဒီဇိုင်းအသွင်အပြင်စနစ်၏ စောစောပိုင်းထုတ်ဗားရှင်းများကို ဒီဇိုင်းအသားပေးမှု နည်းပါးခြင်း၊ မန်ဘို(Mambo)၊ဂျူးမ်လား(Joomla!)၊ပလုံး(Plone)ဒီဇိုင်းများထက် ပိုမိုရှုပ်ထွေးခြင်း စသဖြင့် ဝေဖန်ခဲ့သော်လည်း ပီအိတ်ခ်ျပီအသင့်သုံးပရိုဂရမ်နှင့်အိတ်စ်အသင့်သုံးပရိုဂရမ်များ ဒရူးပယ်လ်၌ ပါဝင်လာခြင်းက ထိုသို့ဝေဖန်မှုကြောင့်ဖြစ်သည်။ အိတ်ခ်ျတီအမ်အယ်လ်(HTML),စီအတ်စ်အတ်စ်(CSS)စသည်များကို ပီအိတ်ခ်ျပီ(PHP)မှ ထပ်မံခွဲထုတ်ရန်ကြိုးပမ်းသည့်အနေနှင့် အသစ်ဖြစ်သော ဒရူးပယ်လ် နံပါတ် ၆ ဒီဇိုင်းအသွင်အပြင်စနစ်သည် အသင့်သုံးပရိုဂရမ်ကို အသုံးချသည်။ ဒရူးပယ်လ်ပရိုဂရမ်ရေးမော်ကျူးတစ်ခုဖြစ်သော ဒီဗယ်(Devel)သည် ဒရူးပယ်လ် နံပါတ် ၆ကို အသုံးပြုကြသော ဒီဇိုင်းအသွင်အပြင်ရေးဆရာများအား အကူအညီ ပေးသည်။

ဒရူးပယ်လ်ဝက်ဘ်ဆိုဒ်၌ ၀က်ဘ်ဆိုဒ်လူမှုကွန်ယက်မှပါဝင်ဖြည့်စွက်ရေးသားထားကြသော ဒီဇိုင်းအသွင်အပြင်များကို လွတ်လပ်သောဂျီပီအယ်လ်လိုင်စင်ဖြင့် ထုတ်လုပ်ပြီး အများစုကို ဒရူးပယ်လ်ဒီဇိုင်းအသွင်အပြင်ဥယျာဉ်(Drupal Theme Garden)၌ သရုပ်ဖော်ပြသထားသည်။

Comments

thanyawzinmin's picture

ကိုတီကေလင်းရဲ့ ဒီပိုစ့်လေးက ကျွန်တော်အခုအခက်အခဲဖြစ်နေတဲ့အရာလေးရဲ့ အခြေခံအကြောင်းအရာဖြစ်နေတော့ ပြေလည်သွားလို့ ကျေးဇူးတင်ပါတယ်ဗျာ

Myanmar

Group organizers

Group notifications

This group offers an RSS feed. Or subscribe to these personalized, sitewide feeds:

Hot content this week