ဒရူးပယ်လ်အူကြောင်း(Drupal Core)

We encourage users to post events happening in the community to the community events group on https://www.drupal.org.
myanmardigitalsolutions's picture

ဒရူးပယ်လ်အူကြောင်းသည် ဒရူးပယ်လ်၏ အခြားဖြည့်စွက်မှုများကို လိုအပ်သလို ထပ်မံတိုးချဲ့နိုင်သော ပင်မ တပ်ဆင်မှုတစ်ခု ဖြစ်သည်။ ဒရူးပယ်လ်၏ ပုံသေချိတ်ဆက်ထားမှု(Default Configuation)တွင် ၀က်ဘ်ဆိုဒ်အကြောင်းအရာများကို မှတ်ပုံတင်ထားသောအသုံးပြုသူများ(သို့)အမည်မသိအသုံးပြုသူများမှ ပါဝင်ဖြည့်စွက်ရေးသားနိုင်ပြီး websiteသို့လာရောက်ကြည့်ရှုသူများအားလည်း နေ့စွဲဖြင့်၊အမျိုးအစားဖြင့်၊ရှာဖွေမှုဖြင့် အစရှိသည်တို့နှင့်ပုံစံမျိုးစုံဖြင့် ၀င်ရောက်နိုင်အောင်ပြုလုပ်ထားသည်။ websiteအတွင်းဝင်ရောက်ရလွယ်ကူရန်အတွက် သော့ချက်စကားလုံးများ(Key Words)ဖြင့် အကြောင်းအရာများကို အမျိုးအစားခွဲခြားထားစေသည့် hierarchical taxonomy စနစ်လည်းပါဝင်သည်။

ဒရူးပယ်လ်သည် ဗားရှင်းအလိုက် အဓိကအချက်အလက်များပြောင်းလဲမှုများကိုအသေးစိတ်မှတ်တမ်းတင်ခြင်း(Changelog)ကိုလည်း ထိန်းသိမ်းသည်။

ဒရူးပယ်လ်အူကြောင်းမော်ကျူးများ

ဒရူးပယ်လ်အူကြောင်းတွင် အဓိကwebsite၏လုပ်ဆောင်နိုင်မှုကို ချဲ့ထွင်ရန် websiteထိန်းချုပ်သူမှ လုပ်ဆောင်ပေးနိုင်သော အဓိကမော်ကျူးများပါဝင်သည်။

ဒရူးပယ်လ်အူကြောင်းဖြန့်ဝေခြင်းသည် ဖော်ပြပါ အချက်အလက်အများအပြားကို ထောက်ပံ့သည်။

* စာရင်းအင်းများကို ၀င်ရောက်ခြင်းနှင့် websiteအတွင်း ၀င်ရောက်ခြင်း
* အဆင့်မြင့်ရှာဖွေရေးလုပ်ဆောင်နိုင်စွမ်းရည်များ
* ဘလော့ဂ်များ၊ စာအုပ်များ၊ မှတ်ချက်များ၊ ဖိုရမ်များ၊ နှင့် ဆာဗေးကောက်ခံခြင်းများ
* သရုပ်ဖော်ယူအာအယ်လ်လမ်းကြောင်းများ(Descriptivie URLs)
* အဆင့်ပေါင်းများစွာပါသော မီးနူးစနစ်
* ဆိုဒ်ပေါင်းများစွာပါသော ထောက်ပံ့မှု
* အသုံးပြုသူများကိုယ်တိုင် အကြောင်းအရာဖန်တီးခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း
* အမြန်သတင်းတိုစနစ်နှင့် အမြန်သတင်းတိုစုဆောင်းပေးမှု
* လုံခြုံရေး(သို့)အသစ်ထုတ်လုပ်မှုကိုပြင်ဆင်ပြောင်းလဲရန်အသိပေးမှု
* အသုံးပြုသူများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များ
* များပြားသော ၀က်ဘ်ဆိုဒ်တွင်းဝင်ရောက်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း(အသုံးပြုသူအခန်းကဏ္ဍ၊အင်တာနက်ပရိုတိုကောများ၊အီးမေးလ်)
* အလုပ်စီးဆင်းမှုလမ်းကြောင်းကိရိယာများ

အဓိကဒီဇိုင်းအသွင်အပြင်များ(Core Themes)

ဂါးလန်း(Garland)အဓိကဒီဇိုင်းအသွင်အပြင်ကို ထိန်းညှိရန် အရောင်ပြင်ဆင်သည့်ပရိုဂရမ်ကို အသုံးပြုရသည်။

ဒရူးပယ်လ်အူကြောင်းတွင် အဓိကဒီဇိုင်းအသွင်အပြင်များစွာ ပါဝင်သည်။ ၎င်းဒီဇိုင်းအသွင်အပြင်များသည် ၀က်ဆိုဒ်၏ အသွင်အပြင်ကို ကြိုက်နှစ်သက်သလို လုပ်ဆောင်နိုင်သည်။ အထူးပြုလုပ်ထားသောမီးနူး(Special Menu)မှတဆင့် websiteထိန်းချုပ်သူက ၎င်းဒီဇိုင်းအသွင်အပြင်များကို ရွေးချယ်ပေးနိုင်သည်။

websiteထိန်းချုပ်သူများအား websiteကြည့်ပရိုဂရမ်ကြားခံ(Web-Browser Interface)မှတဆင့် သက်ဆိုင်ရာဒီဇိုင်းအပြင်အဆင်များ၏ အရောင်အစဉ်ကိုပြောင်းလဲပေးနိုင်ရန် ဒရူးပယ်လ်အူကြောင်း ၅.၀ တွင် စတင်မိတ်ဆက်ခဲ့သော အရောင်မော်ကျူးက လုပ်ထားသည်။သာမန်ရိုးရိုးပရိုဂရမ်မာမဟုတ်သူများအတွက် မြင့်မားသည့် အရောင်ကြိုက်နှစ်သက်သလိုပေးနိုင်မှုအဆင့်(higher level of customization) ရရှိရန် ဖော်ပြပါလုပ်ဆောင်နိုင်မှုကို ထည့်သွင်းခဲ့သည်။

ဒြပ်မဲ့အခြေခံဘောင်(Abstract Framework)

ဒရူးပယ်လ်၏ဗိသုကာတည်ဆောင်ပုံသည် မော်ဒယ်-အမြင်-ထိန်းချုပ်မှု ဒီဇိုင်းပုံစံ(Model-View-Controller Design Pattern)မပြုလုပ်ထားသော်လည်း ၎င်းအစား တင်ဆက်မှု-ဒြပ်ကင်းမဲ့မှု-ထိန်းချုပ်မှုပုံစံ(Presentation-Abstraction-Control)ကို ပြုလုပ်ထားသည်။

ဘာသာပြန်ဆိုခြင်းများ

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် ဒရူးပယ်လ်၏ကြားခံဒီဇိုင်းအတွက် ဘာသာပြန်ဆိုမှုများကို အင်္ဂလိပ်ဘာသာစကား(ပုံမှန်အားဖြင့်ထည့်ထားသည်,Default)အပြင် ဘာသာစကားပေါင်း၄၄မျိုးဖြင့် ရရှိနိုင်ခဲ့သည်။ တချို့ဘာသာစကားများသည် အာရပ်၊ပါရှား၊ဟီဘရူး အစရှိသောညာဘက်မှဘယ်ဘက်သို့ ဖတ်ရသည့်ဘာသာစကားများလည်းပါဝင်သည်။ ဒရူးပယ်လ် နံပါတ် ၆ က ဘာသာစကားပေါင်းမျိုးစုံဖြင့် အကြောင်းအရာများကို၎င်း၊အကြောင်းထိန်းချုပ်မှုများကို၎င်း တိုးတက်အထောက်အပံ့ပြုနိုင်စေသည်။

အလိုအလျောက်ပြုပြင်ပြောင်းလဲမှုကိုအသိပေးထားခြင်း(Auto-update notification)

ဒရူးပယ်အူကြောင်း၊၎င်း၏မော်ကျူးများ၊ဒီဇိုင်းပုံစံအသွင်အပြင်များ စသည်တို့မှ ဗားရှင်းအသစ် ရလာနိုင်ချိန်တွင် ဒရူးပယ်လ်သည် websiteထိန်းချုပ်သူအား အလိုအလျောက် အသိပေးသည်။ ၎င်းအသိပေးချက်မျိုးသည် နောက်ဆုံးထွက်အချက်အလက်များ၊လုံခြုံရေးဆိုင်ရာအမှားပြင်ဆင်မှုများဖြင့် ဒရူးပယ်လ် တပ်ဆင်ခြင်းကို ၎င်းထုတ်လုပ်လိုက်ချိန်နှင့်တပြိုင်တည်း(Up-to-date) ရရှိစေနိုင်ပါသည်။

Myanmar

Group organizers

Group notifications

This group offers an RSS feed. Or subscribe to these personalized, sitewide feeds: