ဒရူပယ်လ် သည်သင်၏ အလုပ်အတွက် အမှန်ကန်ဆုံး ကိရိယာဖြစ်ပါသလား။

Events happening in the community are now at Drupal community events on www.drupal.org.
myanmardigitalsolutions's picture

ဒရူပယ်လ် သည်သင်၏ အလုပ်အတွက် အမှန်ကန်ဆုံး ကိရိယာဖြစ်ပါသလား။

ဒရူပယ်လ် သည်သင်၏ website စနစ်များ အတွက် အမှန်ကန်ဆုံးနှင့် သင့်တော်သောစွမ်းအင်များကိုပေးနိုင်သည့် ကိရိယာဖြစ်သည်ကို တွေ့ရှိရလိမ့်မည်။ များသောအားဖြင့် ဒရူပယ်လ်သည် အကောင်းဆုံးသော ရွေးချယ်မှုများကို ရရှိနိုင်သည့် စနစ်မျိုးဖြစ်သည်။ သင်၏လုပ်ဆောင်သော လုပ်ငန်းစဉ်များ အတွက် ဒရူပယ်လ်က သင့်ကို ကူညီပေးနိုင်သည်ကို ကျွန်တော်တို့ယုံကြည်မိ ပါသည်။

သင်အတွက်အကောင်းဆုံးသော ဒရူပယ်လ်ကို ရွေးချယ်မှုများ

  • သင်၏ website စနစ်ကို လွက်လပ်မှုများ၊ လွယ်ကူမှုများ ၊ အဆင်ပြေချောမွေ့မှုများစွာကို ဖန်းတီးပေးသည်။ ဥပမာ အားဖြင့်သင်၏ website စနစ်တွင် blog များ၊ wikiများ၊ forum များ၊ စီးပွားရေးလုပ်ငန်းစနစ်သုံး website စနစ်များကို လည်းလွယ်ကူချောမွေ့စွာဖြင့် ရေးသားရယူနိုင်သည်။
  • သင်သည် သင်၏ websiteစနစ်ကို အခြားသော website စနစ်များနှင့် ဆက်သွယ်ရယူခြင်း (သို့) အခြားသောနည်းပညာများကို အသုံးပြုထားသော website စနစ်များကိုလည်း လွယ်ကူစွာဆက်သွယ်နိုင်သည်။
  • သင်သည် သင်၏ website စနစ်ကို ရှုပ်ထွေးလှသော ဖောင်များဖြင့်လည်းကောင်း ၊ အလုပ်စီးသွားနှုန်းကို လုပ်ဆောင်နိုင်ရန်အတွက် လည်းကောင်း အသုံးပြုနိုင်သည်။
  • စားသားများ၏ပုံစံစနစ်များကို သင်စိတ်ကြိုက်ဖန်းတီးရယူနိုင်သည်။
  • အချက်အလက်များကိုလျှင်မြန်လှစွာ၊ လွယ်ကူချောမွေ့စွာဖြင့် ပေါင်းစည်းထားရှိနိုင်သည့် စွမ်းအင်းမျိုးကိုပေးသည်။
  • အခြားသူများ ရေးသားထားသော မော်ကျူးများကို သင်တွင်လိုအပ်သလို အသုံးပြုတပ်ဆင်နိုင်သည်။
  • စိတ်ကြိုက် မော်ကျူးများကို မည်သူမဆို လျှင်မြန်စွာ၊ လွယ်ကူချောမွေ့စွာရေးသားနိုင်သည်။

အဆင်မပြေသော ရွေးချယ်မှုများမှာ

  • blog များကို ရေးသားရာတွင် ဒရူပယ်လ် သည်၏ရေးသားထားသော ကိုယ်ပိုင် blog post များကို ကိုင်တွယ်ရာတွင် (WordPress)ကဲ့သို့ အထူးရှယ် မဟုတ်ပေ၊ ဒရူပယ်လ် သည် ဘလောခ့် အတွက်အကောင်ဆုံး ပေးထားသော်လည်း ကိုင်တွယ်အသုံးပြုသော (administration interface)မှာ ရိုးရှင်းလှသည်။
  • wiki များသည်လည်း ထိုနည်းလည်းကောင်းပင် wiki software ၏ အကောင်းဆုံးသော MediaWiki နှင့် hosted wiki solution ကို မယှဉ်နိုင်ပေ။ အကြမ်းဖျင်းအားဖြင့်သာ သင်၏ လိုအပ်ချက်များကို ပေးစွမ်းပေသည်။
  • forum များသည်လည်း SimpleMachines or phpBB ကဲ့သိုသော software များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
  • အမှတ်စဉ် ဒရူပယ်လ် ထုတ်လုပ်မှုများနှင့် အတူ လွယ်ကူရိုးရှင်းသော user interface ကို အထူးဂရုပြုလာကြသည်ကို တွေ့ရှိနိုင်သည်။ သင်နှင့် သင်၏လုပ်ငန်းများအတွက် Drupal expertise ကို ငှားရန်းနိုင်သည် မဟုတ်လျှင် သင့်အတွက် အဆင်မပြေမှုများကို ရရှိနိုင်သည်။

Comments

:)

thanyawzinmin's picture

ကောင်းကျိုးကတော့ Developer ဘာလုပ်လုပ် ဘာချဲ့ ချဲ့ ဖြစ်တယ် ဒါပေမယ့် ၀တ်ပရက်စ်တို့ Joomla တို့ လောက်တို့ သူက Built in Core က သိပ်မမိုက်ဘူးထပ်ပြင်ရင်တော့မိုက်တယ်ဘာပဲဖြစ်ဖြစ်စိတ်ကြိုက်ပြင်လို့ ရတာကိုကြိုက်တယ်

Myanmar

Group organizers

Group notifications

This group offers an RSS feed. Or subscribe to these personalized, sitewide feeds:

Hot content this week